စစ်ဆေးကြည့်ပါ သင့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှု အတိုင်းအတာ

အောက်ပါ စာကြောင်းများအား ကိုယ်နှင့်ကိုက်ညီသော အမှတ်ပေး ဖြေဆိုပြီး မိမိရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ရေချိန်အတိုင်းအတာကို စစ်ဆေးကြည့်ပါ။ မိမိအနေနဲ့ တိုးတက်ပြောင်းလဲဖို့ လိုအပ်နေတဲ့ ဘဝရဲ့ အလေ့အထများ၊ အစိတ်အပိုင်းများကိုလည်း လေ့လာဆန်းစစ်ပေးပါ။

မေးခွန်းကို ဖြေဆိုကြည့်ပါ

လုံးဝ မကိုက်ညီပါ
မကိုက်ညီပါ
၂ ခုလုံးနဲ့ မကိုက်ညီပါ
ကိုက်ညီ ပါသည်
လုံးဝ ကိုက်ညီ ပါသည်

၀၁

ကိုယ်လုပ်မယ်လို့ ရည်မှန်းထားတဲ့ ပန်းတိုင်တွေ ဖြစ်မြောက်လာတာကို အားရကျေနပ်တယ်။

၀၂

အခြေအနေ၊ အနေအထား အသစ်တွေကို စိတ်အားထက်သန်စွာနဲ့ ကိုင်တွယ်ဖြေရှင်းလေ့ ရှိတယ်။

၀၃

လုပ်ငန်းခွင် အဖွဲ့အစည်းက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ စံတန်ဖိုးတွေကို လိုက်နာနိုင်တယ်။

၀၄

ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို မြင်သာအောင် ဖော်ပြနိုင်တယ်။

၀၅

အသစ်သစ်တွေ သင်ယူဖို့ စိတ်အားထက်သန်တယ်။

၀၆

လိုအပ်လာတဲ့အခါမှာ အကူအညီတောင်းခံတတ်တယ်။

၀၇

စိတ်ဖိစီးမှု၊ ကြောင့်ကြစိတ်တွေများလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်။

၀၈

ကိုယ့်ရဲ့ လုပ်ရပ်နဲ့ ရလာဒ်တွေကို တာဝန်အပြည့်အဝယူတယ်။

၀၉

လူမှုရေးနဲ့ ပတ်သက်လာရင် အဆက်အသွယ်မပြတ်အောင် အမြဲနေတယ်။

၁၀

ဘဝမှာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ယုံကြည်တယ်။

၁၁

အာဟာရမျှတအောင် စားသောက်တယ်။

Thank you! Your submission has been received!
Oops! Something went wrong while submitting the form.

အလင်းသစ်ရဲ့ ခြေလှမ်းများ