"အလင်းရောင်မဲ့တဲ့အခါ မျှော်လင့်ချက်မဲ့လာတယ်
ညှိုးငယ်သွားတဲ့ နေကြာတွေ
အိပ်တန်းတက်တဲ့ ငှက်ငယ်တွေ
လူသူမဲ့သွားတဲ့ ဆုံမှတ်တွေ
အမှောင်ထဲက မသေချာ၊ မရေရာမှုတွေ
ဒါပေမယ့် ဒါဟာတွေဟာ တဒင်္ဂပါပဲ။"
"အလင်းသစ်ထွန်းလင်းလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ တိုးလာတယ်
ဦးမော့လာတဲ့ နေကြာတွေ
လက်တွဲကူတဲ့ ငှက်ငယ်လေးတွေ
တောက်ပလာတဲ့ တိမ်တိုက်တွေ
အလင်းသစ်ရှိရင် ခြေလှမ်းသစ်စမြဲပါ။"
မတူညီတဲ့ အခက်အခဲ၊ ပြဿနာတွေကို မတူညီတဲ့
အလင်းရောင်တွေ ထွန်းညှိရင်း ကျော်လွှားကြတဲ့အခါ
တူညီတာတစ်ခုက အားလုံးရဲ့ "စိတ်ဓာတ်ကြံ့ခိုင်မှု" ပါ။
တစ်ဦးချင်းစီရဲ့ "အလင်းသစ်" တွေ ပေါင်းဆုံသွားတဲ့အခါ
ကမ္ဘာမြေဟာ ပိုထွန်းလာသလိုပဲ တစ်ယောက်ချင်းစီရဲ့
စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ပေါင်းဆုံလာတဲ့အခါ
အချင်းချင်း အပြုသဘောဆောင်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခု
ဖြစ်လာမှာပါ။
ကိုယ့်ဘဝရဲ့ အလင်းသစ်ဆီ ဦးတည်ဖို့ ခြေလှမ်းတွေ
အသင့်ဖြစ်နေပါပြီ။ မိမိကစ စိတ်ဓာတ်ကြံ့ခိုင်အောင်နေရင်း
မိမိပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့
အပြောင်းအလဲတစ်ခု ဖန်တီးလိုက်ရအောင်။